သတင်းများ

မိုင်းပန်မြို့နယ်၌ (၅၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒသမ္မပါလစာပွဲတော်၏ ရေစက်ချတရားတော်နာယူခြင်းနှင့် ပြည်တွင်း၊ ပြည်ပဘွဲ့ရသံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနား ကျင်းပ
Feb 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ (၅၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒမ္မပါလစာပွဲတော်၏ ရေစက်ချတရားတော်နာယူခြင်းနှင့် ပြည်တွင်း၊ ပြည်ပဘွဲ့ရသံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို မွေတော်ပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကျင်းပ
Feb 18,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီက တံတားဦးမြို့ မြို့နယ်ခန်းမ၌  ကျင်းပကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဇလွန်မြို့ရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများ ဆောင်ရွက်ပေး
Feb 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးမှ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေလင်း ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများ ပါဝင်သည့်အဖွဲ့သည် ဇလွန်မြို့ရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ကုသမှုများဆောင်ရွက်ပေးခဲ့သည်။
အမရပူရမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေး
Feb 18,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ လေးစုရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ မေတ္တာရိပ်ခန်းမတွင် ယနေ့ ၁ နာရီအချိန်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ညောင်ဦးခရိုင်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Feb 18,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းပ၌ ယနေ့နံနက် ၉ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြန်မာပြည်မြောက်ဖျား ခေါင်လန်းဖူးဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Feb 18,2024
မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင်အတွင်းရှိ ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ငဖဲမြို့နယ်၌ နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့် နွေနှမ်း ၁၂၇၅ ဧက လျာထားစိုက်ပျိုးမည်
Feb 18,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၄ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် နွေစပါးနှင့်နွေနှမ်း ၁၂၇၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသခံတောင်သူများ အနေဖြင့် ဖေဖော်ဝါရီ ဒုတိယပတ်မှ စတင်၍ထွန်ယက်ဆောင်ရွက်နေကြပြီဖြစ်ကြောင်းသိရသည်။
ပျဉ်းမနားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Feb 18,2024
ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လဲလူးအိုင်ကျေးရွာ၌ ထိုးနှံပေးခဲ့သည်။