ရမည်းသင်းခရိုင်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရမည်းသင်း ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စ်မှုထမ်း ဥပဒေအကြောင်းအရာများ သိရှိလိုက်နာနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ရမည်းသင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်းရတနာ အစည်းအဝေစခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်နှင့် ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များကို ရှင်းလင်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား သတ်မှတ်ထားမှုနှင့် စစ်မှုထမ်းဆောင်ရန် အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားသည်။

ရမည်းသင်းခရိုင်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲသို့ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်/ကျေး စာရေးဝန်ထမ်းများ စုစုပေါင်း (၃၀၀)ဦးအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)