သတင်းများ

မုဒုံမြို့နယ်တွင် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Feb 16,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသောပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီက ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးသည်။
စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးပြီး ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲများ ဖြေဆိုနိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
စဉ့်ကူးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲများ ဖြေဆို
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲများကို ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ စတင်ဖြေဆို လျက်ရှိရာ ယနေ့တွင်လည်း ဆက်လက် ဖြေဆိုလျက်ရှိသည်။
မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 16,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ ပဲတီစိမ်းစိုက်တောင်သူများစျေးကောင်းရရန် မျှော်လင့်
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပဲတီစိမ်းကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းနှင့် တောင်သူများအနေဖြင့် စျေးကောင်းရရှိရန်လည်း မျှော်လင့်စောင့်စားနေကြကြောင်း သိရသည်။
ငါန်းဇွန်မြို့မ စည်ပင်သာယာဈေးအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ
Feb 16,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မ စည်ပင်သာယာဈေးအတွင်း၌ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မီဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်သရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံ၊ နံရံကပ်ပြပွဲ ကျင်းပ
Feb 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ဓာတ်ပုံ၊ နံရံကပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ ကျင်းပပြုလုပ်ခဲ့သည်။