သတင်းများ

ပွင့်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 20,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Feb 20,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာဖတ်စွမ်းရည်များကောင်းမွန်ပြီး ဖတ်မှတ်ထားသည့် စာအုပ်စာပေများအား ပြန်လည်မျှဝေနိုင်စေရန်အတွက်ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “ပျော်ရွှင်ကြရာဝယ်” စာအုပ်အား ယမန်နေ့နံနက် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စာသင်ကျောင်းများ လိုက်လံစစ်ဆေး
Feb 20,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စာသင်ကျောင်းများအား လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက ပြည်တော်အေး ရပ်ကွက်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စစ်ဆေးဆောင်ရွက်ခဲ့သည်။
မိုင်းကိုင်မြို့နယ်၌ (၂၈)ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Feb 20,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၂၈)ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က သမိုင်းဝင်ရွှေမြင်ထင်မွေတော်စေတီတော်ကြီး၏ ဘုရားဝတ္တကမြေ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်သွန်းမျိုးပန်းများအောင်မြင်ဖြစ်ထွန်း
Feb 20,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်သွန်နီမျိုးပန်းများ အောင်မြင်ဖြစ်ထွန်းနေကာ ဆွတ်းခူးပြီးချိန် ပျိုးစေ့ဈေးနှုန်းကောင်းရရန်မျှော်လင့်နေကြကြောင်း ကြက်သွန်မျိုးပန်းစိုက်တောင်သူများထံက သိရသည်။
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်သင်ကြား
Feb 20,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အခမ်းအနားမှူး သင်တန်းဖွင့်ပွဲကျင်းပရာ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ပိုးချည်စက်ရုံ၊ ရွေးကောက်ပွဲကော်မရှင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဖူလုံရေးရုံး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန တို့မှ စုစုပေါင်း သင်တန်းသူ (၃၅) ဦး တက်ရောက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လပွတ္တာခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Feb 20,2024
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လပွတ္တာခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိများသူနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မင်းလှမြို့နယ် ရွာသစ်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေး
Feb 20,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက၊ ရွာသစ်ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။