မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်
Feb 16,2024
ပွင်းလင်းရာသီရောက်ရှိလာပြီဖြစ်၍ မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေ ပြည်သူများအား မီးကိုပေါ့ဆစွာ အသုံးမပြုကြရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုးဆော်ခြင်းနှင့် မီးငြိမ်းသတ်နည်းများကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်(၉)နာရီတွင် ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။