မိုင်းတုံ ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဘိန်းအစားထိုးသီးနှံမျိုးစေ့အား ကျေးရွာအုပ်စုများသို့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူး မြင့်အောင်၊ မြို့နယ်စီမံကိန်း၊ မြို့နယ်မြေစာရင်း၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်ဥပဒေအကြံပြု၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အဖွင့်အမှာစကားပြောကြားပြီး မိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းမှ ဘိန်းအစားထိုးသီးနှံမျိုးစေ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အကျယ်တစ်ဝန်း ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ဥပဒေအကြံပြုရုံးမှဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးမှ အစားထိုးသီးနှံစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ တောင်သူများနှင့် အကြံပြုဆွေးနွေးပြီးနောက် ကျေးရွာအုပ်စုများအား အစေ့ထုတ်ပြောင်းဧက(၂၀)ကို ဟိုပန်ကျေးရွာအုပ်စုအတွက် အစေ့ထုတ်ပြောင်း(၃၅)ကီလို၊ လွယ်ခမ်းလုံကျေးရွာအုပ်စုအတွက် အစေ့ထုတ်ပြောင်း (၃၅)ကီလိုနှင့်မိုင်းကန်ကျေးရွာအုပ်စုအတွက် အစေ့ထုတ်ပြောင်း(၃၅)ကီလိုစုစု ပေါင်းကီလို(၁၀၀)တို့ကို သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများမှ အသီးသီးထောက်ပံ့ပေးအပ်ရာ တောင်သူ(၇)ဦးမှ လက်ခံရယူ၍ ကျေးဇူတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)