ဆီဆိုင်မြို့နယ်၌ မြိုနယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲဖြေဆို

ဆီဆိုင် ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဆီဆိုင်မြိုနယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၄−၂၀၂၅ ပညာသင်နှစ် မြိုနယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌  ဖြေဆိုလျက်ရှိသည်။

မြိုနယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့က  မြန်မာစာ၊ အင်္ဂလိပ်စာဖြေဆိုခဲ့ပြီး၊ ယနေ့တွင် အထွေထွေဗဟုသုတ၊ လူတွေ့နုတ်ဖြေစစ်ဆေးခြင်းတို့ကို ဖြေဆိုကြကာ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းတိုကိုလည်း ဆက်လက်ရွေးချယ်သွားမည်ဖြစ်သည်။ အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ(၂၉)ဦး ပါဝင်ယှဉ်ပြိုင်‌ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)