၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် မောက်မယ်မြို့နယ်၌ ဧည့်မထမိုးစပါးစံကွက်ရိတ်သိမ်း

မောက်မယ် ဒီဇင်ဘာ ၅

ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုကို သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မြို့မအုပ်စု၊ ကွင်းအမှတ်(၂၀)၊ ဦးပိုင်အမှတ်(၃/က)တောင်သူ ဦးဥတ္တမ၏ လယ်မြေ၌ ဘက်စုံအဆင့်မြင့် နည်းပညာသုံးဘောင်ပျိုးစနစ်ပျိုးထောင်ပြီး ဧည့်မထမိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါ ဧည့်မထမိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် စပါးအစို ၆၀ တင်းနှုန်းထွက်ရှိ ပြီးမျှော်မှန်းအထွက်နှုန်းပြည့်မီကြောင်း သိရသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ်၌ ၂၀၂၄−၂၀၂၅ခုနှစ် မိုးစပါးစိုက်ဧက ၂၄၃၅ ဧကရှိပြီး ဧည့်မထနှင့်ဆင်းဧကရီ−၃မျိုးစပါးကို၂၃၄၅ဧက အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း ယခုနှစ်တွင် ဧည့်မထစပါးစိုက်တောင်သူများ သတ်မှတ်မိုးစပါး ပန်းတိုင်မျှော်မှန်းအထွက်နှုန်းပြည့်မီကြောင်းနှင့် သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်း များလိုက်နာကျင့်သုံးနိုင်ရေးနှင့် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီးစနစ်များအား မိုးစပါးစိုက်ပျိုးမှုအတွက် ဧည့်မထ ၃.၅၀ ဧကကို လက်တွေ့သရုပ်ပြစိုက်ပျိုးထားသည့် မိုးစပါး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)