မုံရွာမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲ ဖြေဆိုလျက်ရှိ

မုံရွာ ဒီဇင်ဘာ

မုံရွာမြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စတင်ကျင်းပလျက်ရှိရာ အခြေခံပညာကျောင်းများမှ Grade -9 မှ Grade-12 အထိ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲဖြေဆိုနေမှုအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်းရွက်ပေးခဲ့သည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသ်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ဒီဇင်ဘာ ၄ ရက်နေ့မှ ဒီဇင်ဘာ(၆)ရက်နေ့အထိ ကျင်းပပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် အထွေထွေဗဟုသုတများအပြင် လူ‌တွေ့နှုတ်ဖြေနှင့် အားကစားများကိုပါ ဝင်ရောက်ယှဥ်ပြိုင်ဖြေဆိုရမည်ဖြစ်ကြောင်းနှင့် ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲကိုလည်း လာမည့် ဇန်နဝါရီလ ၇ ရက်နေ့တွင် ဆက်လက်ကျင်းပဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)