ပန်းဘဲတန်း ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ်(၂) အခြေခံပညာအထက်တန်း၊ မြတ်ဆရာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးယောမင်းကို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှ်ိ ဒေါ်ဥမ္မာကျော်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာကျော်က ဆောင်ရွက်ခဲ့ပြီး GRADE–10 မှ မောင်အာကာစိုးက လူငယ်နှင့်အားကစား၊ GRADE–9 မှ မယွန်းက လူငယ်နှင့်ကျန်းမာရေး၊ GRADE-9 မှ မနှင်းဟေမာက လူငယ်နှင့်စာပေ ၊GRADE–10 မှ မအေးထိုင်းပန်းက လူငယ်နှင့်ပညာရေး၊ GRADE–10 မှ မသက်ထက်ဆွေဇင် လူငယ်နှင့်စာရိတ္တ၊ Grade 10 မှ မောင်လှမင်းထွေးက လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်တို့ဖြင့် ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးယောမင်းကိုနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတို့က ပါဝင်ဆွေးနွေးသည့်ကျောင်းသား ကျောင်းသူများကို မေတ္တာလက်ဆောင်များ အသီးသီး ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့်စာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဥမ္မာကျော်