ရမည်းသင်း ဒီဇင်ဘာ ၇
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အင်းကုန်းကျေးရွာ မူလတန်းကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲတွင် ဓါတ်ပုံကျွမ်းကျင်(၂)ဒေါ်မြတ်နိုးသူက လွတ်လပ်ရေး၏အဓိပ္ပါယ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များအကြောင်းနှင့် လွတ်လပ်ရေးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန် တို့ကိုဆွေးနွေးဟောပြောပြီး အသိပညာဗဟုသုတ တိုးပွားရေးအတွက် စာပေဖတ်ရှုရမည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
မြတ်နိုးသူ