စလင်းမြို့နယ်၌ ​ရေဘေးသင့်ခဲ့သည့် ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများထောက်ပံ့ပေးအပ်

စလင်း ဒီဇင်ဘာဘာ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တလင်းကြီးကုန်းကျေးရွာမှ ရိုးကုန်းကျေးရွာ၊ ပေါက်လေးပင်ကျေးရွာအုပ်စု(၃)အုပ်စုတို့မှ ကျေးလက်နေပြည်သူများအတွက် လူသားချင်းစာနာမှုအစီအစဥ်ဖြင့် မိုခါရေဘေးသင့်ပြည်သူများအား မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စလင်းမြို့ကြက်ခြေနီအသင်းခွဲငယ်မှ ထောက်ပံ့ပစ္စည်းများထောက်ပံခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ကျေးရွာအုပ်စု(၃)အုပ်စုမှ ကျေးလက်နေပြည်သူအိမ်ထောင်စုများအား စလင်းမြို့နယ်ကြက်ခြေနီအသင်းမှ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရာတွင် မကွေးတိုင်းဒေသကြီး၊ ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းကိုယ်စား စလင်းမြို့ကြက်ခြေနီအသင်းခွဲငယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌဒေါ်ကြမာလွင်ဦးဆောင်၍ ကညှပ်ကျေးရွာကြက်ခြေနီအသင်းခွဲငယ်မှ အသင်းဝင်များဖြင့်ပူးပေါင်းကာ ကျေးလက်နေပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းကိုယ်စား မြို့နယ်ကြက်ခြေနီအသင်းမှ လာရောက်ပေးအပ်ရခြင်းဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌဒေါ်ကြူမာလွင်က ရှင်းလင်းပြောကြားခဲ့ပြီး တလင်းကြီးကုန်းကျေးရွာအုပ်စုမှ အိမ်ထောင်စု(၁၁၀)၊ ရိုးကုန်းကျေးရွာအုပ်စုမှအိမ်ထောင်စု(၂၈၀)၊ ပေါက်လေးပင်ကျေးရွာအုပ်စုမှအိမ်ထောင်စု(၃၀၀) စုစုပေါင်းအိမ်ထောင်စု(၆၉၀)အိမ်ထောင်စုတို့အား မိသားစုတစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်သည့် ဆေးခြင်ထောင်၊ တာပေါ်လင်တစ်ချပ်၊ စောင်နှင့်အမျိုးသမီးအသုံးအဆောင်၊ အမျိုးသားအသုံးအဆောင်များအား မြို့နယ်ကြက်ခြေနီအသင်း ဥက္က္ကဋ္ဌဒေါ်ကြူမာလွင်နှင့်တာဝန်ရှိသူများက မိုခါရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၆၉၀)အိမ်ထောင်စုတို့၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း