မော်လမြိုင် ဒီဇင်ဘာ ၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့ပတ်လမ်းတွင် တည်ထားကိုးကွယ်လျက်ရှိသော နဝဂြဟ်(ဂြိုလ် ၉ဆူ) ဘုရားကျောင်းဆောင် မဟာကုမ္ဘာဘိသျှေဂမ်(ခ) သိဒ္ဓိတင်မင်္ဂလာရေစင်သွန်းလောင်းပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကာ ဟိန္ဒူကျောင်း ဂေါပကအဖွဲ့ဝင်များမှ ကြိုဆိုခဲ့ကြသည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့သည် ဆုတောင်းပြည့် ဟိန္ဒူဘုရားကျောင်းဆောင်၌ ဟိန္ဒူဘာသာရေးထုံးစံအတိုင်း ရှိခိုးကန်တော့၍ အဓိဌာန်ပြု ဆုတောင်းခြင်းများ၊ ဝတ်ပြုဆုတောင်းခြင်းများကို တစ်ဦးချင်းအလိုက် ပြုလုပ်ဆောင်ရွက် ခဲ့ကြပြီး ဟိန္ဒူဘုရားကျောင်း ဂေါပကအဖွဲ့တို့မှ ဂုဏ်ပြုရွတ်ဖက်ဆုတောင်းပေးမှုများ ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက နဝဂြဟ်(ဂြိုလ် ၉ ဆူ) ဘုရားကျောင်းဆောင်အတွင်း ရုပ်ပွားတော်များအား ရေစင်သွန်းလောင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သက်သက်လွတ်သီးစုံဟင်း စတုဒိသာဖြင့်ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)