တာမွေ ဒီဇင်ဘာ ၇
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရနfရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့နံနက် (၅)နာရီအချိန်က ၂၀၂၄ခုနစ် ဒီဇင်ဘာအားကစားလ (ပထမပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလူထုအားကစားလ (ပထမပတ်) စုပေါင်းလမ်းလျှောက်ပွဲတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၊ အားကစားဝါသနာပါသူ လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများက တာမွေမြို့နယ်ရှိ ကျိုက္ကဆံလမ်းမကြီးတစ်လျှောက် ပျော်ပျော်ပါးပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးသွေးပူလေ့ကျင့်ခန်းများကို တပျော်တပါးပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ထက်အောင်လင်း(ပြန်/ဆက်)