လိပ်သိုမြို့၌ ကလေးငယ်များ ကာယ၊ ဉာဏ ဖွံ့ဖြိုးရေး စွမ်းရည်ပြိုင်ပွဲများပြုလုပ်
Feb 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကလေးငယ်များ ကာယ၊ ဉာဏ စွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ စကောရွက်ပြိုင်ပွဲ၊ အိတ်စွတ်၊ ဝက်မောင်း၊ ဖားခုန်နှင့် ခြေတပေါင်ကျိုးပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ကလေးကစားကွင်း၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။