ပေါင်းတည် ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပွင့်လင်းရာသီတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်အဆောက်အဦများ မီးလောင်ဆုံးရှုံးမှု မဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကို အလေးထားကာ မြို့နယ်မီးသတ်ဦးစီးဌာနမှ နေ့စဉ်အရှိန်အဟုန်မြှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁၂နာရီတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းနှင့် ဒုတိယမြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွေးတို့ဦးစီး၍ အကြပ်တပ်သားများအား တာဝန်ခွဲဝေကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အဖွဲ့အလိုက်မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်သို့ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ ဆောင်ရွက်ရာ၌ ကောက်ရိုး၊ ထင်း၊ မီးသွေး၊ ဖွဲခွံများကို သတ်မှတ်စည်းကမ်းချက်များနှင့် ထားရှိရေး၊ အမှိုက်သရိုက်များ၊ ခြုံနွယ်မြက်ခြောက်များ ရှင်းလင်းရေး၊မီးဖိုများနှင့် လျှပ်စစ်ပစ္စည်းများကို မီးဘေးအန္တရာယ်ကင်းရှင်းအောင်ထားရှိ၍ စနစ်တကျသုံးစွဲကြရေးနှင့် မီးသတ်ဆေးဗူး၊ သဲပုံး၊ ရေ၊ မီးဂျိတ်၊ မီးကပ်များပြည့်စုံစွာ အသင့်ထားရှိမှုတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)