မရမ်းကုန်းမြို့နယ်အတွင်း တပ်ဆင်ထားသော(Hydrant)မြေအောက်ရေပိုက်ခေါင်းများ ကောင်းမွန်အသင့်ရှိရေး လိုက်လံစစ်ဆေး

မရမ်းကုန်း ဖေဖော်ဝါရီ ၁၆

ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွားစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်းတပ်ဆင်ထားရှိသော (Hydrant)မြေအောက်ရေပိုက်‌ခေါင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မရမ်းကုန်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးနိုင်နှင့်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေသန့်တာဝန်ခံ ဦးထွန်းထွန်းနှင့်ဝန်ထမ်းများကပူးပေါင်း၍ မီးလောင်မှုဖြစ်ပွားပါက အချိန်နှင်တစ်ပြေးညီ ရေရယူဆောင်ရွက်နိုင်ရန် မြို့တော်စည်ပင်မှ မြို့နယ်အတွင်းတပ်ဆင်ထားရှိသော (Hydrant)မြေအောက်ရေပိုက်ခေါင်းများ ကောင်းမွန်အသင့်ရှိရေး လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန် /ဆက်)