ရွှေတောင်မြို့နယ် အမှတ် (၁) အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောသရုပ်ပြသ
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးရှိ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးစီး၍ အထက်အဆင့်ဆင့်၏ လမ်းညွှန်မှုများကိုခံယူလျှက် ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးရှိ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် (၀၉း၀၀) နာရီအချိန်က အမှတ် (၁) အထည်စက်ရုံရှိ ၀န်ထမ်းများအား မီးဘေးအသိပညာပေးဟောပြော၊ သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။