မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ Pfizer gray cap ကာကွယ်ရေးများ ထိုးနှံပေးလျက်ရှိရာ (၂၅၂ )ဦး ထိုးနှံပြီးဖြစ်

မြစ်သား   ဖေဖော်ဝါရီ  ၁၆

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများ ကူးစက်မှုမရှိစေရေးမြစ်သားမြို့နယ် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စုရပ်အဖြစ်သတ်မှတ်၍ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကို ဦးဆောင်၍ Pfizer gray cap ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းထိ (၂၅၂)ဦး ထိုးနှံပြီးကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြစ်သားမြို့နယ်အနေဖြင့် Pfizer gray cap ကာကွယ်ဆေး(၃၆)လုံးရရှိထားပြီး ကာကွယ်ဆေးတစ်လုံးလျှင်(၇)ဦးနှုန်းဖြင့် ကာကွယ်ဆေးများထိုးနှံပေးရာ၌ အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက်ပြည်သူများအား ဦးစာပေး၍ ကျန်းမာရေးဝန်ထမ်းများမှ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)