သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်၌ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရေယာဥ်များအား လိုက်လံကြည့်ရှုစစ်ဆေး
Feb 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရေယာဥ်များအား ယမန်နေ့ နံနက် (၈) နာရီအချိန်က တုံးလှဲချောင်းမြစ်အတွင်းရှိ ရေယာဥ်အမှတ် (ON- 6862) ရေယာဥ်အမည် MV ရွှေပိုင်ဖြိုးရေယာဥ်သို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောက်ဆည်မြို့နယ်အတွင်းရှိ MSME စားသောက်ကုန်လုပ်ငန်းများ၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု
Feb 17,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ MSME စားသောက်ကုန်လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုခဲ့သည်။
သရက်မြို့ ပြည်သူ့ဆေးရုံတွင် အသက်(၅၀)နှစ်အထက် ကျန်းမာရေး ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပေး
Feb 17,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ မင်းတုန်း၊ကံမမြို့နယ်များမှအသက်(၅၀)နှစ်အထက် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေး စောင်ရှောက်ပေးခြင်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက် ၉ နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်မလွန်ကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 17,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ယမန်နေ့ နေ့လယ်(၁၂)နာရီခွဲက မလွန်ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့သည်။
နတ်မောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲကျင်းပ
Feb 17,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
(၃၃)နှစ်မြောက် နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ
Feb 17,2024
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၃၃)နှစ်မြောက် ဌာနနှစ်ပတ်လည် ထပ်ဆင့် ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပရာ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးနှင့် မန္တလေးခရိုင်တွင်းမှ အရာရှိ၊ အရာထမ်း၊ စာရေး၊ ဝန်ထမ်းများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးအတွင်းရှိ ကျန် ခရိုင်၊ မြို့နယ်များမှ အရာရှိ၊ အရာထမ်း၊ စာရေး၊ ဝန်ထမ်းများမှာ online zoom meeting ဖြင့် တက်ရောက်ခဲ့ကြသည်။
တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်
Feb 17,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မီးခိုးမြူငွေ့လျှော့ချရေး ဟောပြောပွဲများအား ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
လားရှိုးမြို့ မြန်မာဆက်သွယ်ရေးလုပ်ငန်းရုံး MPT တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ ဆောင်ရွက်
Feb 17,2024
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ လားရှိုးမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်းဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လားရှိုးမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးတွင် ပြုလုပ်သည်။