ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချိုသာထွန်းငွေစုငွေချေး သမဝါယမအသင်း၏ အသင်းစုသစ် ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အကွက်(၅၀၃) အောင်မင်္ဂလာ၊ ကျွန်းလုံးဥသျှောင် ရပ်ကွက် သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အသင်းစုသစ်ဖွဲ့စည်းခြင်း အခမ်းအနားတွင် သဘာပတိ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်က သမဝါယမအသင်း ဥပဒေ၊နည်းဥပဒေများ၊လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပြီးနောက် အသင်းအသစ် ဖွဲ့စည်းသည့် ချိုသာထွန်းငွေစုငွေချေးသမဝါယမအသင်း၏ အမှုဆောင်ဒါရိုက်တာအဖွဲ့နှင့် အသင်းစာရင်းစစ် အမည်စာရင်းတို့ကို အသင်းသား တစ်ဦးက အဆိုပြုတင်သွင်း၍ အသင်းသားနှစ်ဦးက ထောက်ခံတင်ပြခဲ့ကြသည်။ဆက်လက်ပြီး အဆိုပြုတင်သွင်း ထောက်ခံခြင်းအပေါ် သဘာပတိမှအသင်းသားများ၏ သဘောထားရယူ၍ အတည်ပြုခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ရွေးချယ်ထားသော ဒါရိုက်တာအဖွဲ့နှင့် အသင်းစာရင်းစစ်တို့က သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခဲ့ကြပြီးနောက် အသင်းဥက္ကဋ္ဌအသစ်မှ မိတ်ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားကာအသင်းစုအသစ်ဖွဲ့စည်းခြင်းအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူသဲနွယ်နှင့်၀န်ထမ်းများ၊ ချိုသာထွန်းငွေစုငွေချေးသမဝါယမအသင်း၏ အမှုဆောင်ဒါရိုက်တာအဖွဲ့နှင့် အသင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့