ရန်ကုန် ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်တွင် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေအား တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
၂၀၂၄ ခုနှစ်၊လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းကို အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၂၁) ရပ်ကွက်တို့တွင် ဆောင်ရွက်လျက်ရှိပြီး အောင်ဆန်းရပ်ကွက်တွင် အဆောက်အဦးစာရင်းတင်ခြင်း (ဆ-၀၂) ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အင်းစိန်ခရိုင်၊ ခရိုင်လဝက ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဆွေနှင့် မြို့နယ်လဝက ဦးစီးမှူး ဦးညီညီစိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများအား ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မိမိတို့ဌာနဆောင်ရွက်နေမှုများကို ရှင်းလင်ပြောကြားကာ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)