တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

တာချီလိတ် ဖေဖော်ဝါရီ  ၁၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မီးခိုးမြူငွေ့လျှော့ချရေး ဟောပြောပွဲများအား ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ ဆောင်ရွက်ရာ  တာချီလိတ်ခရိုင်အတွင်းရှိ တာလေမြို့၊ နားယောင်းကျေးရွာနှင့် ကျိုင်းလပ်မြို့ လှိုင်ဂူရှင်ဘုရားကြီးကျောင်းဓမ္မာရုံတို့တွင် တာချီလိတ်ခရိုင်ပတ်ဝန်းကျင် တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းမြေ့စိုးက မီးခိုးမြူငွေ့ အဓိပ်ပါယျ၊ အမှိုက်မီးရှို့ခြင်း၊ တောမီးလောင်ခြင်း၊ ကားများအင်ဂျင်စက်များမှ ထွက်ရှိလာသောအခိုးအငွေ့များ၊ သစ်ဆွေးမြေ့မီးလောင်ခြင်းများကြောင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ် ဖြစ်ပေါ်လာပုံ၊ မီးခိုးမြူများ ထူထပ်စွာဖြစ်ပေါ်ပါက အသက်ရူကျပ်ခြင်း၊ မျက်စိ၊ နား၊ နှာခေါင်းယားယံခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အဆုတ်ကိုထိခိုက်စေခြင်း စသည့် နောက်ဆက်တွဲ ရောဂါလက္ခဏာများ၊ မီးခိုးမြူငွေ့ လျှော့ချရန်နည်းလမ်းများနှင့် ကာကွယ် လိုက်နာဆောင်ရွက်ရန် နည်းလမ်းများကို ရှင်းလင်းဟောပြောကာ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး အထောက်အကူပစ္စည်းများပေးအပ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲများအား ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကာ ကျေးရွာနေပြည်သူ ဦးရေ(၁၀၀)ကျော်အား အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရသည်။

အေးအေးလတ်