သရက် ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ မင်းတုန်း၊ ကံမမြို့နယ်များမှ အသက်(၅၀)နှစ်အထက် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေး စောင်ရှောက်ပေးခြင်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက် ၉ နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျန်းမာရေး စစ်ဆေးရန် လာရောက်သည့် ကံမမြို့နယ်မှ (၅၀)နှစ်အထက် ကျန်းမာရေးဝန်ထမ်း (၁၂)ဦး၊ မင်းတုန်းမြို့နယ်((၁၆)ဦးအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ကြီးကြပ်မှုဖြင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးချို၊ဆီချိုရောဂါ စစ်ဆေးပေးခြင်း၊ ECGစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး လိုအပ်သည့် ဆေးဝါးများကို အခမဲ့စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)