သတင်းများ

ရွှေဘိုတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကျင်းပ
Feb 16,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုတတ္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပထမနှစ်​ နေ့သင်တန်းများအတွက် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန် အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် မီးဘေးလုံခြုံရေး စစ်ဆေးလျက်ရှိ
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့များဖြင့် ယမန်နေ့က လေးမျက်နှာမြို့ အောင်မင်္ဂလာဈေးနှင့် အိုင်သပြုဈေးများရှိ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု၊ မီးသုံးစွဲမှုများအား လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ပြည်လုံးကျွတ်လူဦးရေနှင့်အိမ်အကြောင်း သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် မြို့ပြ Census Unit များတွင် အဆောက်အအုံတင်ခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်း လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေး
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်း သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့ပြ Census Unit များတွင် အဆောက်အအုံတင်ခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်း လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တွန်းဇံမြို့တွင် ကျေးရွာစီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း (RBF) စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Feb 16,2024
ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာစီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ဇမ်ပီးကျေးရွာအုပ်စု၊ ဇမ်ပီးကျေးရွာ "ဝဥ" စိုက်ပျိုးရေးအဖွဲ့ (၄)ဖွဲ့၏ လုပ်ငန်းများအား တာဝန်ရှိသူများမှ ယမန်နေ့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် ( Video Editing) သင်တန်းဖွင့်လှစ်
Feb 16,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (Mobile Phone) ဖြင့် Video Editing သင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောသီးနှံ စိုက်ခင်းများ ပိုမိုစိုက်ပျိုးလာ
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများမှုကြောင့် တောင်သူများအနေဖြင့် ဆန်စပါးနှင့် ယာမြေများတွင် မြေအောက်ရေနှင့် မိုးရေများကို အသုံးပြု၍ ပဲအမျိုးမျိုး၊ ဆီထွက်သီနှံ အမျိုးမျိုး၊ ငရုပ်၊ ကြက်သွန်၊ ပြောင်း၊ ဝါ စသည့် ယာသီးနှံများ၊ ဥယျာဉ်ခြံသီးနှံများနှင့် မီးဖိုဆောင်သုံး ကာလတို သီးနှံများ စိုက်ပျိုးကြကြောင်း သိရှိရပြီး ယခုအခါ သွင်းအားစု နည်းပါးပြီး မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်သည့် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။
ပန်းတနော်မြို့နယ်၌ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက် ရွှေမြင်တင် ဘုရားလမ်းတွင် ယမန်နေ့ ည ၂ နာရီအချိန်ခန့်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ​​ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “အသက်နှစ်ဆယ်အရွယ်များသို့”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။