နတ်မောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန့်စင်က ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ အသိပညာပေးပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်း၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန်ကာလ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်ဉပဒေအရာရှိဦးငြိမ်းချမ်းထွန်းက ပြည်သူ့စစ်မှုထမ်းဉပဒေနှင့်ပတ်သက်သည့် ဉပ‌ဒေပါအဓိပ္ပာယ်ဖော်ပြချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသူများက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။     လှဝင်း