သတင်းများ

ခန္တီးမြို့နယ်၌ ခရမ်းချဉ်သီးများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူ၍ရနေ
Feb 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် စားသောက်ကုန်များ ပြတ်လပ်ခဲ့ပြီး ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူစားသုံးခဲ့ရကာ ခရမ်းချည်သီး ၁ ပိဿာ ဈေးနှုန်း(၂၄,၀၀၀/-)ကျပ်အထိ မြှင့်တက်ခဲ့ပြီး ယခုအချိန်များတွင် ဟုမ္မလင်းမြို့မှဒေသထွက် ခရမ်းချဉ်သီးများအား ခန္တီးမြို့သို့တင်ပို့လာခြင်း၊ ခန္တီးမြို့အတွင်းလည်း စိုက်ပျိုးထုတ်လုပ်မှုများ ရှိလာခြင်းတို့ကြောင့် ခရမ်းချဉ်သီးများ ပေါများလာကာ ၁ ပိဿာဈေးနှုန်း(၃၀၀၀/-)ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သောကြောင့် ပြည်သူများအနေဖြင့် ဈေးနှုန်းချိုသာစွာဖြင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသောက်၍ ရနေပြီဖြစ်ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ
Feb 19,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက် (၁၀) နာရီ အချိန်က  ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်မရော၌ လယ်​ယာ​မြေ မြေလွတ်များ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ကန်စွန်းဥများအောင်မြင်ဖြစ်ထွန်း
Feb 19,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စပယ်ဂူလမ်းဟောင်းရှိလယ်ယာမြေများတွင် မြေအောက်ရေအသုံးပြု၍ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ကန်စွန်းဥများအထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရရှိသဖြင့် တောင်သူများမိသားစု အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဟင်္သာတ​ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ထောက်ပံ့ဆောင်ရွက်လျက်ရှိ
Feb 19,2024
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ​ကျေးရွာအုပ်စု (၂)အုပ်စုနှင့် ဇလွန်မြို့နယ်အတွင်းရှိ ​ကျေးရွာအုပ်စု (၂)အုပ်စုတို့တွင် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်
Feb 19,2024
၂၀၂၄ ခုနှစ်အတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ လုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရန်အတွက်ရည်ရွယ်ကာ အလုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို   ယနေ့နံနက် ၈ နာရီ  ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် နွေစပါးနှင့်နွေသီးနှံစိုက်ပျိုးရေးအတွက် ဆည်တမံများမှ စိုက်ပျိုးရေ စတင်ပေးဝေပြီဖြစ်
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိတောင်သူများ ၂၀၂၃-၂၀၂၄ခုနှစ်၊ နွေစပါးနှင့်နွေနှမ်းစိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစတင်၍ ဆည်တမံများမှ စိုက်ပျိုးရေများစတင်ပေးဝေနေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပန်းတောင်းမြို့နယ်တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 19,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၃၀)အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
ဥတ္တရသီရိမြို့နယ် Ocean Supercenter တွင် မီးဘေးလုံခြုံရေးအသိပညာပေးဆွေးနွေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနား ကျင်းပ
Feb 19,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် Ocean Supercenter တွင် မီးဘေးလုံခြုံရေးအသိပညာပေးဆွေးနွေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။