Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ချောက်မြို့၌ (၄၀)ကြိမ်မြောက် ဝိနယာဓိကမာမကစာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် ဆုနှင်းသဘင်အခမ်းအနားကျင်းပ
Sep 15,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်သံဃာနာယကအဖွဲ့က ကြီးမှူးကျင်းပသည့် (၄၀)ကြိမ်မြောက် မြို့နယ်ဝိနယာဓိကမာမက စာမေးပွဲဖြေဆိုအောင်မြင်သည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက သာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပိုစတာပြိုင်ပွဲများ ကျင်းပပြုလုပ်
Sep 15,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် ပိုစတာနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက် (၈)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ် ဆင်ကျုံးကျေးရွာ အခြေခံပညာမူလွန်ကျောင်း (၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု (၃၅)ရာခိုင်နှုန်းပြီးစီးနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 15,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာ အခြေခံပညာမူလွန်ကျောင်းဆောင်သစ်၊ (၁)ထပ်ဆောက်လုပ်နေမှုအား မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက၊ ကွင်းဆင်းကြည့်ရှုခဲ့ရာ ၃၅% ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်
Sep 15,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်၌ မီးဘေးအန္တရာယ် ကင်းရှင်းစေရေး တာဝန်ရှိသူများ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး
Sep 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မီးသတ်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တပ်ဖွဲ့ဝင်များမှ စက်တင်ဘာလ (၁၃) ရက်၊ နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ လူနေအိမ်များအား မီးဘေးအန္တရာယ်ကင်းရှင်းစေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်၌ ဓာတ်သတ္ထုလုပ်ငန်းများ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုက်ညီမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
Sep 15,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း၌ ဓာတ်သတ္ထုလုပ်ငန်းလိုင်စင်များ လျှောက်ထားဆောင်ရွက်လျက်ရှိရာ လုပ်ထုံးလုပ်နည်းများဖြင့် ကိုက်ညီမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မင်းဘူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံအခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ
Sep 14,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက် နံနက် (၁၀)နာရီက ချောင်းဆုံအခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇေယျာသီရိမြို့နယ် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများနှင့် လယ်ဝေးမြို့နယ် ကျေးလက်လမ်းများပြုပြင်နေမှုကွင်းဆင်းကြည့်ရှု
Sep 14,2025
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိ မြို့နယ်အတွင်းရှိ ပုပ္ပါးကုန်းရပ်ကွက် သုတရောင်ခြည် စာကြည့်တိုက်နှင့် ပြည်စံအောင် ရပ်ကွက် လူထုအလင်းစာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး၍ ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်၌ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လယ်ဝေး-သစ်ပုတ်ပင်သွား ကားလမ်းပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
573
Page
574
Page
575
Page
576
Current page
577
Page
578
Page
579
Page
580
Page
581
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department