သာကေတမြို့နယ် ခုတင် ၁၀၀ ဆံ့ သွားနှင့် ခံတွင်းအထူးကုဆေးရုံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးသူငယ်များအား ခွဲစိတ်ကုသပေး
Aug 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၇) အရှေ့ရပ်ကွက်အတွင်း ရှုခင်သာလမ်းရှိ ခုတင် ၁၀၀ ဆံ့သွားနှင့် ခံတွင်းအထူးကုဆေးရုံ(သာကေတ)တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသော ကိုရီးယားနိုင်ငံ Korea University Medicine မှ Mr Chang ဦးဆောင်သည့် ဆရာဝန်(၅)ဦး သူနာပြု(၂)ဦး စုစုပေါင်း(၇)ဦးသည် သွားနှင့် ခံတွင်းဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ပူးပေါင်း၍ ခွဲစိတ်ကုသရန်လျာထားသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးလူနာ(၂၈)ဦးအနက် (၈)ဦးအား ခွဲစိတ်ကုသမှုပေးလျက်ရှိကြောင်း သိရသည်။