သဲကုန်း​မြို့နယ်တွင် "သဘာဝမြေသြဇာ EM ဘိုကာရှီ" ပြုလုပ်အသုံးပြုမှု တောင်သူ လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

သဲကုန်း မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် "သဘာဝမြေသြဇာ EM ဘိုကာရှီ" ပြုလုပ်အသုံးပြုမှု တောင်သူ လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့က အင်းမမြို့၊ ချားလျားကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ "သဘာဝမြေသြဇာ EM ဘိုကာရှီ" မြေဆွေးပုံပြုလုပ်အသုံးပြုနည်း လက်တွေ့သရုပ်ပြသခြင်းကို အင်းမမြို့ အုပ်ချုပ်ရေးမှူးအုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ထုတ်ကုန်တိုးမြှင့်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် နိုင်ငံတော်မှ ပံ့ပိုးကူညီနေမှုတို့အား ဆွေးနွေးဆောင်ရွက်ပြီး ဓါတ်မြေသြဇာသုံးစွဲမှုလျော့ချရေး၊ သဘာဝမြေသြဇာပြုလုပ်၍ ပိုမိုသုံးစွဲရေး၊ နွားချေး၊ ကြက်ချေး၊ သစ်ရွက်ဆွေးများအား သဘာဝမြေသြဇာအဖြစ် သုံးစွဲနိုင်စေရေးဒေသခံတောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လက်တွေ့ရှင်းလင်းသရုပ်ပြသခြင်း ဆောင်ရွက်ပေးခဲ့​ကြကြောင်း သိရှိရသည်။

ကိုကျော်