မရမ်းကုန်းမြို့နယ်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)မှ“‌အပြုံး၏နောက်ကွယ်(အက်ဆေး)”ခေါင်းစဥ်ဖြင့် စာ‌ဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

မရမ်းကုန်း မေ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)တို့ပူးပေါင်း၍ “အပြုံး၏နောက်ကွယ် (ဆောင်းပါး)” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် မရမ်းကုန်းမြို့နယ်စာရေးဆရာအသင်း၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)မှဥက္ကဋ္ဌ ဦးထင်ကျော်မိုး(မြေလတ်ထင်ကျော်မိုး)က စာဖတ်ဝိုင်းများကျင်းပခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က စာပေချစ်မြတ်နိုးသူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ဝိုင်း၊စာပေစကားဝိုင်း ဆွေးနွေးပွဲများကို စီစဉ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆရာမမို့(သဲကုန်း)၏ “အပြုံး၏နောက်ကွယ်(အက်ဆေး)”ကို ဆွေးနွေး တင်ပြခဲ့ပြီးနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club အဖွဲ့ဝင် ဆရာ/ဆရာမတို့က သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြပြီး မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ စာမူရှင်ဆရာမမို့(သဲကုန်း)က ပြန်လည်ရှင်းလင်း ဆွေးနွေးဖလှယ်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသ စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်အသိပညာပေးစာစောင်များကို စိတ်ဝင်တစား ကြည့်ရှုကြကြောင်း သိရသည်။

ဝေယံ(မရမ်းကုန်း)