ဝေါမြို့နယ်၌ သဘာဝမြေသြဇာမြေဆွေး(အီးအမ်ဘိုကာရှိ) မြေဆွေးပုံပြုလုပ်နေမှုများ ကြည့်ရှုအားပေး

ဝေါ  မေ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ အဗျားဘိုတဲကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၉၉) ဦးပိုင်အမှတ်(၂၃/)ရှိ တောင်သူဦးကျော်မင်းသူ၏လယ်​မြေတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် လယ်မြေများတွင် အသုံးပြုရန်အတွက် သဘာဝမြေသြဇာမြေဆွေး(အီးအမ်ဘိုကာရှိ) မြေဆွေးပုံပြုလုပ်နေမှုများကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် မြို့နယ်စိုက်ညှိကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ပြီး၊ မြို့နယ်အတွင်း (အီအမ်ဘိုကာရှိ)မြေဆွေးပုံများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အာကာ (ပြန်/ဆက်)