မအူပင် မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို၌ သဘာဝဘေးအန္တရာယ်များ ကျရောက်ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာန၌ ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းကိရိယာများ၊ တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိမှု ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
မအူပင်မြို့နယ်မီးသတ်ဦးစီးဌာနသည် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးကျရောက်လာသည့်အချိန်တွင် လျင်မြန်စွာတုံ့ပြန်ကူညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး ဦးဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်နှင့်စက်ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများအသင့်စုဖွဲ့ထားရှိမှု၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသုံးပြု၍ လျင်မြန်စွာကူညီဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်ဆက်)