သတင်းများ

မင်္ဂလာဒုံမြို့နယ်တွင် ပညာဒါန အခမဲ့သင်တန်းများ ဖွင့်လှစ်သင်ကြားပေး
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သပြေညိုမင်္ဂလာခန်းမတွင် သပြေညိုပညာဒါန အကျိုးဆောင်အသင်းမှဦးစီး၍ ကလေးများအတွက် နွေရာသီအခြေခံကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ မင်္ဂလာဒုံမြို့နယ် စာရေးဆရာအသင်းနှင့် ပူးပေါင်း၍ စာဖတ်စွမ်းရည်မြင့်တင်ရေးသင်တန်း၊ ပန်းချီသင်တန်းတို့ကို မတ်လ(၆)ရက်နေ့ နံနက်၉နာရီမှစ၍ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိသည်။
ကျောင်းကုန်းမြို့တွင် (၄၂)ကြိမ်မြောက် ကျောင်းကုန်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ့ နုဂ္ဂဟစာမေးပွဲကြီး ဒုတိယနေ့ဖြေဆို
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ မိုဃ်းကောင်းဘုရားကြီးတွင် မြို့နယ်သံဃနာယကဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၄၂)ကြိမ်မြောက် ကျောင်းကုန်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာမေးပွဲကြီး ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ဖြေဆိုခဲ့ကြပြီး နေ့လယ် ၃ နာရီအချိန်အထိ ဖြေဆိုကြရမည်ဖြစ်သည်။
လားရှိုးမြို့တွင် တိမ်းရှောင်နေကြသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ဆန်ရိက္ခာ တစ်လစာ တတိယအကြိမ်ထောက်ပံ့လှူဒါန်း
Mar 08,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ယာယီနေရပ်စွန့်ခွာ စခန်း(၅)နေရာတွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် နိုင်ငံတော်ကထောက်ပံ့သည့် ဆန်ရိက္ခာဖိုး တစ်လစာထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့လယ်ပိုင်းက ယာယီနေရပ်စွန့်ခွာပြည်သူများ ရောက်ရှိခိုလှုံနေကြသည့် စခန်း(၅)နေရာတွင် ပြုလုပ်သည်။
ချောင်းသာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ များပါဝင်သော သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခြင်းကို မတ်လ ၇ ရက် နံနက် ၉ နာရီက မြို့အဆင့်ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က လူစည်ကားရာနေရာများတွင်အခမဲ့ လိုက်လံဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၉၅၃)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 08,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနသုံးခု၌ ကျင်းပမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၉၅၃)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက်များသို့ ဆန် ၊ ဆီ ၊ ဆား ၊ ပဲစသော လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
Mar 08,2024
ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက်များသို့ ဆန် ၊ ဆီ ၊ ဆား၊ ပဲစသောလှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ရာ ပင့်ဖိတ်ထားသော သံဃာတော်များ၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရန်ကင်းမြို့နယ်ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)၌ကျန်းမာရေးအသိပညာပေး ဟောပြော
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် အမှတ် (၁၃) ရပ်ကွက် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 08,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။