သတင်းများ

ညောင်တုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒေးဒရဲမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှ စတင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာမေးပွဲကျင်းပပြုလုပ်မည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခြင်းကို  ယနေ့နံနက်(၁၀)နာရီက ကျုံဒါးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် နောက်ပြန်ဒိုးကျေးရွာ အထက်တန်းကျောင်းများသို့ သက်ဆိုင်ရာဌာနများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် နွေရာသီအားကစား သင်တန်းများ ဖွင့်လှစ်မည်
Mar 08,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် နွေရာသီအားကစားနည်း သင်တန်းများကို မတ် ၁၈ ရက်နေ့မှစတင်၍ မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုလှိုင်ထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ်ယာဉ် လွှဲပြောင်းပေးအပ်
Mar 08,2024
တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဝယ်ယူခဲ့သည် မီးငြှိမ်းသတ်ယာဉ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအား မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။
ကော့မှူးတွင် စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းကျင်းပ
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre) ယနေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြို အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးရေး စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Mar 08,2024
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အကြို အမျိုးသမီး ကဏ္ဍဖွံ့ဖြိုးရေး စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲ၊ ပုံပြင်‌ပြောပြိုင်ပွဲနှင့်ပြပွဲများကျင်းပ
Mar 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာ‌စောင်နှင့်စာအုပ်ပြပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
လပွတ္တာမြို့နယ်တွင် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ခွေးရူးရောဂါ ဗိုင်းရပ်(စ်)ကြောင့်ဖြစ်သော တိရစ္ဆာန်မှ လူသို့ ကူးစက်တက်သောရောဂါမှ ကြိုတင်ကာကွယ်ရန် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်​နေ့ညနေပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းဝေးခန်မ၌ ကျင်းပပြုလုပ်ခဲ့သည်။