မိုးညှင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၉၅၃)ဦး ဝင်ရောက်ဖြေဆိုမည်

မိုးညှင်း မတ် ၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနသုံးခု၌ ကျင်းပမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၉၅၃)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ် (၁၁)ရက်မှ (၁၉)ရက်အထိ ကျင်းပမည်ဖြစ်ရာ မိုးညှင်းမြို့နယ်အတွင်း စာစစ်ဌာနများ၌ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ ဦးရေမှာ အထက(၁)မိုးညှင်း စာစစ်ဌာနတွင် (၄၅၄)ဦး၊ အထက(ဟိုပင်) စာစစ်ဌာနတွင် (၂၅၈)ဦးနှင့် အ-ထ-က (အင်းတော်ကြီး) စာစစ်ဌာနတွင် (၂၄၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၉၅၃)ဦးရှိကြောင်း သိရသည်။

ရွှေမိုးညှင်း