ဇလွန်မြို့နယ်စာရေးဆရာအသင်း၏ နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးနှင့် အမှုဆောင်ရွှေးချယ် တင်မြောက်ခြင်း အခမ်းအနားကျင်းပ

ဇလွန် မေ ၁၄

ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်စာရေးဆရာအသင်း၏ ၂၀၂၆ ခုနှစ်နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးနှင့် အမှုဆောင်ရွှေးချယ် တင်မြောက်ခြင်း၊ ညီလာခံကိုယ်စားလှယ်ရွှေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးရန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မတီများရှေ့မှောက်တွင် ကော်မတီပြန်လည်ရွှေးချယ်ရန်အတွက် အသင်းသားများမှ မဲဆန္ဒပြုခဲ့ကြသည်။ ယင်းနောက် ရွှေးချယ်တင်မြှောက်ပွဲကော်မရှင်မှ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌအဖြစ် ဦးမျိုးမြင့် (မောင်ပြေငြိမ်း - ဇလွန်)၊ အတွင်းရေးမှူး၊ တွဲအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်နှင့် အဖွဲ့ဝင်များအား အတည်ပြုကြေညာ၍ ရွှေး​ကောက်တင်မြောက်ခံရသည့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌသစ် ဦးမျိုးမြင့်(မောင်ပြေငြိမ်း-ဇလွန်)က အမှာစကားပြောကာ ညီလာခံကိုယ်စားလှယ်ကိုရွှေးချယ်ပြီး အခမ်းအနားပြီးမြောက်ခဲ့သည်။

ဝေယံ - ဇလွန် (ပြန် /ဆက်)