လမ်းမတော်မြို့နယ်အတွင်းရှိ ကာရာအိုကေ (KTV)၊ ဘား (Bar)၊ ကလပ် (Club)၊ Unplugged နှင့် ဖျော်ဖြေရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

လမ်းမတော် မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်စင်တင်တေးဂီတဖျော်ဖြေမှု လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ကာရာအိုကေ (KTV)၊ ဘား (Bar)၊ ကလပ် (Club)၊ Unplugged နှင့် စင်တင်တေးဂီတ အပါအဝင်ဖျော်ဖြေရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ညနေ (၇) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စင်တင်တေးဂီတဖျော်ဖြေမှု လုပ်ငန်းကြီးကြပ်မှုကော်မတီ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်နှင့် အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လမ်းမတော်မြို့နယ်အတွင်းရှိ The Pier Rooftot Bar၊ Friendship KTV ဆိုင်၊ SKY KTV ဆိုင်၊ The IDOL Bar ၊ The Little Radio Bar ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)