ကြံခင်း မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်း ၁၂၂ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှစ်ကျောင်းတို့တွင် ယနေ့နံနက် ၆ နာရီမှစတင်၍ အောင်စာရင်းများ ကြေညာကပ်ထားလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း၊ မူ(လွန်)၊ အ.လ.က၊ အ.လ.က(ခွဲ)၊ အ.ထ.ကနှင့် အ.ထ.က(ခွဲ)ကျောင်း ၁၂၂ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘက)နှစ်ကျောင်းတို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ KG မှ Grade-11 ထိ အောင်စာရင်းများကို ကြေညာကပ်ထားထုတ်ပြန်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ အေးချမ်းစွာဖြင့် လာရောက်ကြည့်ရှုကြသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် KG မှ Grade -11 ထိ ဝင်ရောက်ဖြေဆိုသူ ကျား ၅၉၃၆ ဦး၊ မ ၅၈၃၈ ဦး၊ စုစုပေါင်း ၁၁၇၇၄ ဦးရှိပြီး ဖြေဆိုအောင်မြင်သူ ၁၀၀% ပြည့်အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)