သတင်းများ

မိုင်းယောင်းမြို့တွင် တောမီးရှို့ခြင်း၊ ငါးရှော့တိုက်ခြင်းများ မပြုလုပ်ရန် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တောမီးရှို့ခြင်း၊ ငါးရှော့တိုက်ခြင်းများ မပြုလုပ်ရန် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ဝမ်တပ်အုပ်စု ဝမ်ကျူးကျေးရွာနှင့် ဝမ်ကောင်းအုပ်စု ဝမ်ယွတ်ကျေးရွာတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း၊ ဦးခန္တီဘုရားရှေ့ View Point အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး   
Mar 10,2024
မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း၊ ဦးခန္တီဘုရားရှေ့ View Point အနီးပတ်ဝန်းကျင်၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မတ် ၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 10,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက်ပိုင်း အချိန်က လူစည်ကားရာနေရာများ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး
Mar 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မျိုးဆက်သစ်အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်၊ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် လူငယ်၊ လူရွယ်များအားကစားစိတ်ဓာတ်မြင့်မားပြီး ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်ကာ မတ်လ(၅)ရက်နေ့မှစတင်၍ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း နွေရာသီအခြေခံအားကစားသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။
စစ်ကိုင်းမြို့ရှိ ရပ်ကွက်နေ ပြည်သူများ အလုပ်အကိုင် ရရှိရေး လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ
Mar 10,2024
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သော ရပ်ကွက်နေ ပြည်သူများ အလုပ်အကိုင် ရရှိရေး လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၈ ရက် မွန်းလွဲပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးခေတ် ယဉ်ကျေးမှုလက်ရာများ မပျက်စီးအောင် ထိန်းသိမ်းကြရမည့် ရုပ်စုံကျောင်းတော်ကြီးများ
Mar 10,2024
ရုပ်စုံကျောင်းဆိုသည်မှာ ဗုဒ္ဓဝင်ဇာတ်တော်များ၊ ငါးရာ့ငါးဆယ် နိပါတ်တော်လာ ဓမ္မပဒဇာတ်တော်များကို ပန်းပုလက်ရာများဖြင့် ရုပ်လုံးရုပ်ကြွပေါ်လွင်အောင်ထုလုပ်၍ တန်ဆာဆင်ထားသော ဘုရားရှိခိုးရာ ဝတ်ပြုရာ ဘုန်းတော်ကြီးကျောင်းများကို ရုပ်စုံကျောင်းဟု ခေါ်ဆိုကြသည်။
တမူးမြို့တွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အခြေခံဘောလုံး အားကစားနည်း သင်တန်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိ
Mar 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အခြေခံဘောလုံးအား ကစားနည်းသင်တန်းကို မတ်လ (၁) ရက်နေ့မှစ၍ တမူးမြို့ပြည်သူ့ အားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနား ပြုလုပ်
Mar 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးသိန်းဝင်းက ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။