သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တောင်သူသီးနှံများဖွံ့ဖြိုးမှ နိုင်ငံတော် ပိုမိုဖွံ့ဖြိုးလာစေရန် ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးလက်တောင်သူများနှင့် တွေ့ဆုံ၊ နွေနှမ်းမျိုးများအား ထောက်ပံ့ပေးအပ်ပွဲတက်ရောက်
Mar 11,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း တောင်သူသီးနှံများ ဖွံ့ဖြိုးမှ နိုင်ငံတော်ပိုမိုဖွံ့ဖြိုးစေရန် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နားနေခန်းမတွင် ကျင်းပရာ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဓမ္မာစရိယ၊ နိကာယ်နှင့် ပထမပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင် ကျင်းပ
Mar 11,2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပခဲ့သော ၂၀၂၃ ခုနှစ် ဓမ္မာစရိယ၊ နိကာယ်နှင့်ပထမပြန်စာမေးပွဲ စာအောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရံသီ အိမ်တော်ရာစေတီ၊ ရတနာဃရ (၁၄)ခန်း ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။
တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Mar 11,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဋ္ဌမအကြိမ် မြို့နယ်သံဃနာယကအဖွဲ့၏ အဋ္ဌမအကြိမ် ​မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမနှစ်ပတ်လည် အစည်းအဝေး ပြုလုပ်
Mar 11,2024
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ၂၇×၂၈ လမ်းကြား၊ ၈၈×၈၉ လမ်းကြားရှိ မဟာလောကရံသီအိမ်တော်ရာစေတီတော်၊ ရတနာဃရ (၁၄)ခန်း ဓမ္မဗိမာန်တော်တွင် အဋ္ဌမအကြိမ် မြို့နယ်သံဃနာယကအဖွဲ့၏ အဋ္ဌမအကြိမ် ​မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမနှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲတစ်နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မိုးကောင်းတိုက်၊ သုံးထပ်စာချကျောင်းဆရာတော် ဘဒ္ဒန္တဝိဓူရ အမှူးပြုသည့် အဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ် သံဃဝန်ဆောင်ဆရာတော်များ ကြွရောက်တော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦလှထွဋ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်အတွင်းရှိ အထင်ကရဘုရား၊ စေတီများမှ  ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။
လယ်ဝေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်
Mar 11,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ (၅) ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင် စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ၉နာရီခွဲ မှ ၁၁ နာရီ ၄၅ မိနစ်အချိန်ထိ ဆောင်ရွက်ခဲ့သည်။
ပခုက္ကူမြို့၌ ဟိုတယ်နှင့်တည်းခိုရိပ်သာများ ဧည့်စာရင်းတိုင်ကြားမှုစနစ် အဆင်ပြေချောမွေ့စေရေး အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
Mar 11,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ၊ စည်ပင်သာယာလိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် တည်းခိုခန်းများအား ဧည့်စာရင်းတိုင်ကြားမှုစနစ် အဆင်ပြေချောမွေ့စေရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပခုက္ကူမြို့၊ တော်ဝင်နန်းဟိုတယ်၌ ကျင်းပပြုလုပ်သည်။
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူအခွင့်အရေးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 11,2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများဦးဆောင်ပြီး မုံရွာမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအတွက် စားသုံးသူအခွင့်အရေးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ်၂ နာရီခွဲက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 11,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) တွင် ယနေ့နံနက် (၉) နာရီ အချိန်က ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။