ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး
Mar 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မျိုးဆက်သစ်အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်၊ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် လူငယ်၊ လူရွယ်များအားကစားစိတ်ဓာတ်မြင့်မားပြီး ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်ကာ မတ်လ(၅)ရက်နေ့မှစတင်၍ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း နွေရာသီအခြေခံအားကစားသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။