ပုသိမ်ကြီးမြို့နယ်မှ သမဝါယမ အသင်းသားတောင်သူများအား သွင်းအားစုမြေဩဇာများပေးအပ်

ပုသိမ်ကြီး မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွာသစ်ကျေးရွာရှိ နွေစပါးစိုက်ပျိုးမည့် အသင်းသားတောင်သူများအား သမဝါယမဦးစီးဌာနမှ သမဝါယမကန်ထရိုက် လယ်ယာစနစ်ဖြင့် သွင်းအားစုမြေဩဇာ ပေးအပ်ပွဲအခမ်းနားကို ယမန်နေ့က အဆိုပါကျေးရွာ ၌ ကျင်းပခဲ့သည်။

အခမ်းနားသို့ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွန်ကြားရေမှူး ဦးထွန်းဇော်ဦး တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် တာဝန်ရှိသူများသည် သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်သည့် သမဝါယမအသင်းသား (၂၅) ဦး ပိုင်ဆိုင်သည့် နွေစပါးစိုက်ဧက (၁၂၅)ဧကအတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုများဖြစ်သည့် စမ်းဝတီမြေဩဇာ၊ ကွန်ပေါင်းနှင့်ပုလဲ မြေဩဇာတို့ကို တောင်သူများ စိတ်ကြိုက်ဝယ်ယူပြီး လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)