တောင်ငူခရိုင် ပြည်သူ့စာကြည့်တိုက်၌ ပြည်သူများ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှု

တောင်ငူ မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ဒေသခံပြည်သူများ စာပေဗဟုသုတရရှိစေရန်နှင့် စာပေဖတ်ရှုပြီး အသိပညာဗဟုသုတများတိုးပွားကာ ဘဝတိုးတက်စေရန်ရည်ရွယ်၍ စာအုပ်စာစောင်များ အခမဲ့ငှာရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများ အသင်းဝင်ရောက်မှုများပြားပြီး စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုကြကြောင်း သိရသည်။

တောင်ငူခရိုင်ပြည်သူ့စာကြည့်တိုက်၌ အပတ်စဥ် အင်္ဂါနေ့မှ စနေနေ့အထိ နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ အသင်းဝင်ရောက်မှုနှင့် သုတရသစာအုပ်စာစောင်များအား ငှားရမ်းပေးမှုကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိပြီး Digital Library Management System (DLMS) စနစ်ဖြင့် ပြည်သူတစ်ဦးလျှင် (၂) အုပ်နှုန်း ရက်သတ္တပတ်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို