သဲကုန်း မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့က (Women Club) အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူ ဝါသနာရှင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ကျော့မောင် (မင်္ဂလာတောင်ညွန့်) ဘာသာပြန်ရေးသားထားသော "ပျော်နိုင်အောင်နေကိုယ့်လူရေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက စာဖတ်ဝိုင်းကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် Women Club) အဖွဲ့ဝင်များ၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊စာပေချစ်မြတ်နိုးသူ ဝါသနာရှင်များက မိမိတို့ဖတ်ရှုခဲ့ကြပြီးဖြစ်သည့် အကြောင်းအရာများမှ ရရှိပေးစွမ်းသည့် အသိပညာဗဟုသုတများ၊ လိုက်နာကျင့်သုံးအပ်သည့် အတွေးအမြင်များ၊ စာရေးသူ၏ ရေးသားချက်များကပေးစွမ်းသည့် စာပေရသများကို မိမိတို့၏ အမြင်ရှုထောင့်အမျိုးမျိုးမှ အသီးသီးအပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ အသိပညာတိုးပွားစေရေး လစဉ်စာဖတ်ဝိုင်းများနှင့် စာပေချစ်မြတ်နိုးသူများအသင်း၊ Book club၊ Youth club များနှင့် စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)