ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၄) ဖွင့်လှစ် သင်ကြားပေး

ဘားအံ မတ် ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံကွန်ပျူတာပညာကို နားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တို့ပူးပေါင်း၍ နွေရာသီအခြေခံပန်းချီသင်တန်း (၁/၂၀၂၄)ကို  ယမန်နေ့နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက သင်တန်းစည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)မှ ကထိကဆရာ မဒေါ်ခက်ခက်ဝင်းက သင်တန်းတွင် သင်ကြားမည့်ဘာသာရပ်များဖြစ်သော Microsoft Word၊ Microsoft Excel၊  Power Point အကြောင်း တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ နွေရာသီအခြေခံကွန်ပျူတာသင်တန်းကို မတ်လ (၁၈)ရက်နေ့မှ ဧပြီလ (၅)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ(၃၂)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)