တောင်ကုတ် မတ်လ ၁၁
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ ၁၁၉၂ ဦးမှ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများအဖြစ် အထက (၁)၊ အထက (၂)၊ အထက (၄)နှင့် အထက (ရွာမ)တို့တွင် စာစစ်ဌာနများ ဖွင့်လှစ်၍ ကျင်းပလျက်ရှိပြီး ဖြေဆိုရန် စာရင်းရှိ ၁၃၀၅ ဦးရှိသည့် အနက် ၁၁၉၂ ဦး ဝင်ရောက်ဖြေဆိုခဲ့သည့်အတွက် ဖြေဆိုသည့် ရာခိုင်နှုန်း ၉၁.၃၄ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများအလိုက် အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင်၊ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)