ကလော မတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၆ ခုမှ ကျောင်းသား၊ ကျောင်းသူ (၈၄၅)ဦး စာရင်းပေးသွင်းထားပြီး (၈၁၇)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
ကလောမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်ကြသော အ.ထ.က(၁)ကလောတွင် ၁၈၁ ဦး၊ အ.ထ.က(၃)အောင်ပန်းတွင် ၃၈၃ ဦး၊ အ.ထ.က(၈) အောင်ပန်းတွင် ၁၅၀ ဦး၊ အ.ထ.က (၄) ဟဲဟိုးတွင် ၃၈ ဦး၊ အ.ထ.က(၆) ဘော်ဆိုင်းတွင် ၃၀ ဦး၊ အ.ထ.က(၇)အင်းခေါင်းတွင် ၃၅ ဦး၊ စုစုပေါင်း ၈၁၇ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ ထိုစာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ဝင်ရောက်ဖြေဆိုမှုရာခိုင်နှုန်း (၉၇)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)