ချမ်းမြသာစည် မတ် ၁၁
၂၀၂၃-၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့ နံနက် ၉ နာရီက မြန်မာတစ်နိုင်ငံလုံး စတင်ဖြေဆိုလျက်ရှိရာ ပထမနေ့၊ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်အနေဖြင့် အမှတ် (၃၀)အ.ထ.က ကျောင်း၌ စာစစ်ဌာနတစ်ခု တည်းရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ရှိသူ (၇၈၈) ဦးရှိသည့်အနက် ယနေ့ဝင်ရောက်ဖြေဆိုသူ (၇၃၄) ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း(၉၃.၁၄) ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း (G-12) ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့