မုံရွာ မတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်း များမှ တာဝန်ရှိသူများအားလုံးအနေဖြင့် မိမိတို့ဒေသရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူစာမတတ်သူများ စာတတ်မြောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် စာသင်သားစာရင်းကောက်ယူခြင်း လုပ်ငန်းများနှင့် စာသင်ဝိုင်းများ ခွဲဝေသတ်မှတ်ခြင်းလုပ်ငန်းများအား စနစ်တကျစီမံဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာ စာသင်ဝိုင်းများတွင် စာသင်ကြားပေးမည့် ဆရာ/ဆရာများအား ပြန်လည်သင်ကြားပို့ချပေးမည့်နည်းပြများကို ဗဟိုသို့အချိန်မီ သင်တန်း တက်ရောက်နိုင်စေရေး တာဝန်ရှိသူများမှ စိစစ်ရွေးချယ်စေလွှတ်ရေးတို့ကို အလေးထားဆောင် ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ Video Conferencing စနစ်ဖြင့် တက်ရောက်နေကြသည့် ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌများမှလည်း မိမိတို့ခရိုင်/မြို့နယ်များအတွင်း အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဖြည့်ဆည်းပေးရန်လိုအပ်မှုများအား တင်ပြသွားကြရန်နှင့် လုပ်ငန်းများအောင်မြင်စွာ ပြီးမြောက်စေရေးအတွက် တာဝန်ရှိသူများအားလုံးမှ ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ကျေးလက်ဒေသနေပြည် သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်းများ ဆောင် ရွက် ထားရှိမှုများအားလည်းကောင်း၊ မုံရွာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက ခရိုင်အတွင်း ကျေး လက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)